မြောက်ဦး မတ် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အတွက် ပြည်သူလူထုနှင့် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးညှိုမြင့်ထွန်း၊မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဂေါပကအဖွဲ့ဝင်များတက်ရောက်ခဲ့ပသည်။
အစည်းအဝေးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးညှိုမြင့်ထွန်းက ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်မြောက်ဦး ရှေးဟောင်းနယ်မြေ သန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်ခြင်း(Campaing)၊အသိ ပညာ ပေးရေး (Awaremess) လုပ်ငန်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ လှပသောပုံရိပ်များ ဓါတ်ပုံပြပွဲကျင်းပရေး၊ မြောက်ဦးဒေသ၏ လူနေမှုယာဉ်ကျေးမှုနှင့်ရှေးဟောင်းအဆောက်အအုံများ Land scape များရိုက်ကူးထားသော Video Clip တွင် အင်္ဂလိပ်ဘာသာအပြင် ရခိုင်ဘာသာနှင့် မြန်မာဘာသာများ Audio ထပ်မံရေးသွင်းပြီး ရခိုင်ပြည်နယ်အနှံ့ ဖြန့်ဝေရေးဆိုင်ရာကိစ္စရပ်များ တွင် မြို့နယ်လူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဂေါပကအဖွဲ့ဝင်များက လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)