သတင်းများ

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေ‌ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်
Apr 01,2022
သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်း ကျေးရွာအုပ်စုများတွင် မတ်လ ၂၂/၂၃ ရက်နေ့များ၌ အားကောင်းသော မုန်တိုင်း၏ မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှု‌ကြောင့် နေအိမ်ပြိုကျပျက်စီး(၅)လုံး၊ နေအိမ်အမိုးလန် (၇)လုံး ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများကို ပျက်စီးဆုံးရှုံးခံရသူ များ၏ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။
မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့)၌ ကျောင်းသား/သူ(၁၃ဝဝ) ဦး ဝင်ရောက်ဖြေဆို
Apr 01,2022
မလှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ စာစစ်ဌာန(၆)ခုတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုကူညီရေး အသင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်လူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 01,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ ဝန်ထမ်းများ၊  Youth Club နှင့်ပူးပေါင်း၍ စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ရေးသားသည့် ရေးသားသည့် “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန် နေ့နံနက်  (၁၀) နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုး
Apr 01,2022
မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူ၌ ရပ်ရွာအခြေပြု မိန်းမဝတ် (အခြေခံ) အပ်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်
Apr 01,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းကာ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မတ်လ ၁ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ၊ တစ်လကြာ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မိန်းမဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါခန်းမတွင် ယမန်​နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပသည်။
ကျောက်ဆည်မြို့နယ်၌ ဒုတိယမြောက်နေ့ တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၆၆၉) ဦး ဖြေဆို
Apr 01,2022
မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်မြို့နယ်၌ ၂၀၂၂  ခုနှစ်  ဧပြီ(၁)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် ဒုတိယမြောက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်ဖြေဆိုသူ  ကျောင်းသား/ကျောင်းသူ (၁၆၆၉)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Apr 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)နှင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များ၊‌ လူစည်ကားရာ‌‌နေရာများ၊‌ ဈေးများအတွင်းယနေ့နံနက် (၉)နာရီအချိန်က လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။