ရေးမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၂) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပ

​ရေး မတ် ၃၁

နယ်စပ်​ရေးရာဝန်ကြီးဌာန၊ ပညာ​ရေးနှင့်​လေ့ကျင့်​ရေးဦးစီးဌာန မွန်ပြည်နယ်၊ ​ရေးမြို့နယ် အမျိုးသမီး အိမ်တွင်းမှု သက်​မွေးလုပ်ငန်းပညာသင်​ကျောင်း၌ အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ယ​နေ့နံနက် ၉ နာရီက အဆိုပါသင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်​ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦးကသင်တန်းဆင်း အမှာစကားပြောကြားပြီး​နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်း သူများကို ဆုများချီးမြှင့်၊ သင်တန်း​ကျောင်းအုပ်ဆရာမကြီးက သင်တန်း ဆင်း​အောင်လက်မှတ်များကို ​​ပေးအပ်ခဲ့ကြသည်။

ထို့​နောက် ကြက်​ခြေနီ​​ရှေးဦးပြုစုခြင်း (အ​ခြေခံ)သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်းသူများကို မြို့နယ်ကြက်​ခြေနီဒုတပ်ဖွဲ့မှူး ဦးလင်​အောင်​ဌေးမှ ဆုများချီးမြှင့်ပြီး သင်တန်းဆရာ တစ်ဦးမှ ကြက်​ခြေနီ​ရှေးဦးပြုစုခြင်း (အ​ခြေခံ) သင်တန်းဆင်း​အောင်လက်မှတ်များ​ကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ (၃၀) ဦးအား (၁၈)ပတ်ကြာ အဆင့်  မြင့်စက်ချုပ်ပညာဘာသာရပ် (၆) ခု၊ အိမ်တွင်းမှုလက်မှုပညာဘာသာရပ်၊ ချက်ပြုတ်နည်းနှင့် မုန့်မျိုးစုံပြုလုပ်နည်းဘာသာရပ်များကို သင် ကြား​ပို့ချ​ပေးနိုင်ခဲ့​ကြောင်းသိရသည်။

သိမ့်ချယ်ရီ(ရေး)