အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဆောင်းသီးနှံ (နေကြာ) စိုက်ပျိုး မည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စုရှိ ဆောင်းသီးနှံ (နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက နွားခြံကျေးရွာ၌ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တောင်သူများအား နိုင်ငံတော်အစိုးရမှ နေကြာစိုက်ပျိုးနိုင်ရေးအတွက် ထောက်ပံ့ပေးမည့် အစီအစဉ်များ ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဆန်းက ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ထုတ် စိုက်ပျိုးနိုင်ရေးနှင့် ဖြစ်ထွန်းအောင်မြင်ရေး အတွက် နည်းပညာများပံ့မည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။