အမာ ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထက(အမာစာစစ်ဌာန)တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်အား ယနေ့နံနက်(၉)နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဆက်လက် ဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပညာရေးဌာနမှ တာဝန် ရှိသူများ၊ အမာနယ်မြေရဲစခန်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၉)ဦး၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း (၄၂)ဦး ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)