ဟားခါးမြို့၌ ပြည်သူ ၄၇ ဦးအား Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဟားခါး ဧပြီ ၅

ဟားခါးမြို့၌ ယမန်နေ့တွင် ပြည်သူ ၅၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

အလားတူ မတူပီမြို့နယ်တွင်လည်း ပြည်သူ ၁၂ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်။

ဟားခါးမြို့နယ်တွင်  ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့သူ ၁၈၆၀ ဦး၊ သေဆုံးသူ ၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၈၁၁ ဦး၊ ဆေးကုသမှုခံယူဆဲ ၂ ဦးရှိသွားပြီ ဖြစ်ကြောင်းသိရသည်။

(မောင်တက်လမ်း)