ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

ထန်းတပင်(ပဲခူး) ဧပြီ ၅

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၀န်း သီရိမင်္ဂလာခန်းမတွင် စစ်ဆေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့၀င်များ သွားရောက်ကြည့်ရှူခဲ့ကြောင်း သိရသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေးလူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်ကြရာတွင် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏  ​လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတ​သော ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ပြန်လည်ကျင်းပ၍ အနိုင်ရရှိသည့်ပါတီအား ဒီမိုက​ရေစီစံချိန် စံညွှန်းများနှင့်အညီ နိုင်ငံ​တော်တာဝန်အား လွှဲအပ်နိုင်​ရေး ဆက်လက်လုပ်​ဆောင်ရန်နှင့် လိုအပ်သည့် အချိန်ကာလအတွင်း မဲစာရင်းများ အချိန်မီပြီးစီးနိုင်ရေး၊ ယခင်က မဲစာရင်းများ စစ်​ဆေးရာတွင် မှန်ကန်မှု မရှိသည့်အတွက် တပ်မတော်မှနိုင်ငံတော်အာဏာကို ခေတ္တလွှဲပြောင်းတာဝန်ယူထားရသည့်အတွက် ယခုပြန်လည်ကျင်းပမည့် ​ရွေးကောက်ပွဲတွင် ​မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်​ဆေးသည့်အခါ မဲစာရင်းများ မှန်ကန်မှုရှိစေရေးမဲစာရင်းများ ​အောင်မြင်စွာပြီးစီး​ ဆောင်ရွက်နိုင်​ရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ စာရင်းနှင့်မြေပြင်စာရင်းကွာခြားမှုမရှိ​စေ​ရေး၊ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် စာရေးဝန်ထမ်းများက စနစ်တကျ ပူးပေါင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)