ကျောက်ပန်းတောင်း ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကြောင်း အသိပညာပေးဆွေးနွေးပွဲကို၊ ယနေ့ နံနက် (၁၀:၃၀) နာရီက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ(Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က မိတ်ဆက်စကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း (လက်ထောက်ညွှန်ကြားရေးမှူး/ နည်းပညာ)က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ပေးရခြင်း ရည်ရွယ်ချက်များ၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည့် ကျေးရွာများနှင့် လုပ်ငန်းများ၊ စီမံကိန်းဆောင်ရွက် ရာတွင် နိုင်ငံတော်နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ စီမံကိန်းလုပ်ငန်းများအားလုံးကို ကျေးရွာပြည်သူများကိုယ်တိုင်စီမံခန့်ခွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်စေပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကြီးကြပ်ခြင်းနှင့် နည်းပညာအကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပြီး၊ ပြန်/ဆက်ဦးစီးဌာနအနေဖြင့် အဆိုပါ အစီအစဉ်အား ပြည်သူများလေ့လာသိရှိနိုင်ရန် လူမှုကွန်ရက် စာမျက်နှာများတွင် ထုတ်လွှင့်တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)