ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို

ဝါးခယ်မ  ဧပြီ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့်‌ ဘောဂ‌ဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခု၌ဖြေဆိုရန်စာရင်းပေးသွင်းထားသူ(၂၀၂၅)ဦးရှိပြီး ကျောင်းတွင်းဖြေဆို သူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၁၈၇၀)ဦးရှိကြောင်း၊ ပျက်ကွက်သူ(၁၅၅)ဦးနှင့်ရာခိုင်နှုန်းအနေဖြင့်  ၉၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိစာစစ်ဌာန(၁၂)ခုတို့၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုမည့် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာရေးဝန် ထမ်းအဖွဲ့များက အနီးကပ်ကြည့်ရှုစောင့်ရှောက်လျက်ရှိကြောင်းသိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)