ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ၌ ရပ်ရွာအ​ခြေပြု အဆင့်​​မြှင့်စက်ချုပ် သင်တန်းဆင်းပွဲကျင်းပ

ဘီးလင်း ဧပြီ ၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းမှ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော ရပ်ရွာအခြပြု အ​ဆင့်မြှင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အလူးလေးကျေးရွာ သုခကာရီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သုခကာရီဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးအဂ္ဂဝံသ က  သင်တန်းသူများအား သြဝါဒစကားပြောကြားပြီး ဘီးလင်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိကြသော သင်တန်းသူ(၃)ဦးတို့အား လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ဆုများ​​​ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အဆင့်​မြှင့်စက်ချုပ်သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြအဖြစ်  မော်လမြိုင် အိမ်တွင်းသက်မွေးလုပ်ငန်းပညာ သင်ကျောင်း မှ ဒေါ်စိမ်းစိမ်းအေး က စာတွေ့၊လက်တွေ့ ၂ လကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထူးနောင်၊ ဘီးလင်း(ပြန်/ဆက်)