၂၀၂၂ ခုနှစ် မဟာသင်္ကြန်အားကြိုဆိုသောအားဖြင့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ ကျင်းပ

မအူပင် ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဇောတိကစက်ဝန်းတွင် ၂၀၂၂ ခုနှစ် မဟာသင်္ကြန်အား ကြိုဆိုသောအားဖြင့် ဖိတ်ခေါ်ဘောလီဘော ပြိုင်ပွဲကို ယမန်နေ့နံနက် (၈) နာရီက စတင်ကျင်းပသည်။

အဆိုပါ ဘောလီဘောပြိုင်ပွဲတွင် စာရေးကုန်းရပ်ကွက် (က)အသင်း၊ စာရေးကုန်းရပ်ကွက် (ခ)အသင်း၊ ဝါးတောကျေးရွာအသင်း၊ ခနောင်၊ လှေဆိပ်နှင့် စံလင်းဒေါင့်အသင်း၊ စုစုပေါင်း အသင်း (၆) သင်းအား အုပ်စု(၃)စုခွဲကာ ပတ်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဆုပေးပွဲအား ဧပြီ (၉)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)