တောင်ငူ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေး

တောင်ငူ ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ( Covid Shield) ၊ (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းအဖွဲ့က ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းတွင် အကျုံးဝင်သည့် ပြည်သူများအား ၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ  ထိုးနှံပေးမည်ရာ ရာနှုန်းပြည့်ထိုးနှံရေး စီမံချက်တွင် ကျေးရွာများရှိ ပြည်သူများ မကျန်ရှိစေရေးအတွက် ယနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ အဖွဲ့များက ပွတ်စုကျေးရွာမှ ၅၀  ဦး၊ ချောင်းဖြူကျေးရွာမှ ၁၁၀ ဦး၊ ဒိုးသောင်ကျေးရွာမှ ၅၀ ဦး၊ ကမ်းနီကျေးရွာမှ ၂၅ ဦး  စုစုပေါင်း ၂၃၅ ဦးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ သက်ဆိုင်ရာနယ်မြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ကြသည်။

တောင်ငူ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို တောင်ငူမြို့နယ်ရှိ ရပ်ကွက် (၂၃) ခု၊ ကျေးရွာ အုပ်စု (၃၇) အုပ်စု နှင့် ကေတုမတီမြို့ရှိ ရပ်ကွက် (၄) ခုတို့တွင် ဒေသခံပြည်သူ ၁၃၈၄၅၅ ဦး ထိုးနှံပေးနိုင်ခဲ့ပြီး  ၉၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊  ယခု လကုန်အထိ စီမံချက်ကာလအတွင်း ရာနှုန်းပြည့်မှီအောင် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ရာ မြို့ပေါ်ရှိ အမှတ် (၅) ရပ်ကွက် ကေလဇာတီဘုရား ပရဝဏ်အတွင်း၌ စုရပ်အဖြစ်သတ်မှတ်ပြီး ကျန်ရှိသူများ လာရောက် ထိုးနှံ နိုင်ရေးအတွက် အသိပေးဗီနိုင်းများ ချိတ်ဆွဲထားရှိကာ နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

ခရိုင် ပြန်/ဆက်