ဝိုင်းမော်မြို့၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကျင်းပ

ဝိုင်းမော် ဧပြီ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပေးအပ်ပွဲကို ဧပြီလ ၇ ရက် နံနက် ၁၁ နာရီခွဲချိန်က ဝိုင်းမော်မြို့နယ် အထွေ‌‌​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဝိုင်း​မော်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကားအဖြစ် ဒေသခံတောင်သူများ၏ လူမူဘဝ မြင့်မားတိုးတက်စေရေး ဆောင် ရွက်ချက်များနှင့် ပတ်သတ်၍ ပြောကြားခဲ့ပြီး ဝိုင်းမော်မြို့နယ် လယ်ယာမြေစီမံကိန်းနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးသိန်းလှိုင်ဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ(၇) ကိုင်ဆောင်ထားခြင်းဖြင့် သားစဉ်မြေးဆက် လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိကြောင်းနှင့် အကျိုး ကျေးဇူးရှိပုံများကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား လယ်ယာ‌​မြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ပုံစံ (၇)ကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ခံ များနှင့် ဒေသခံတောင်သူများက လက်ခံရယူပြီး တောင်သူများ ကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၁၆)အုပ်စုမှတောင်သူ(၂၃၀)ဦး၊ ဦးပိုင်(၂၅၈)ခု၊ လယ်ယာမြေ (၁၇၁၂.၄) ဧကကိုဒေသခံတောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇)ကို လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

ဝိုင်းမော်(ပြန်/ဆက်)