ဗန်းမောက် ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲဖြစ်သည့်(သမိုင်းဘာသာ)ကို အထက ဗန်းမောက်၊ အထက စက်တော စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ဗန်းမောက်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဝိဇ္ဇာဘာသာတွဲဖြစ်သည့် (သမိုင်း ဘာသာ)ကို စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ (၄၂၉)ဦးရှိသည့်အနက် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၃၂၈)ဦး၊ အပြင်ဖြေကျောင်းသား၊ ကျောင်းသူ(၇၀)ဦး၊ စုစုပေါင်း (၃၉၈)ဦး ဖြေဆိုခဲ့ပြီး၊ ပျက်ကွက် (၃၁)ဦးရှိပြီး (၉၂.၇၇) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တာဝန်ရှိ ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မေသူဟန်(ဗန်းမောက်)