မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (၁၀၀%) ပြည့်မီလွှမ်းခြုံနိုင်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံ

မြေပုံ ဧပြီ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ဧပြီလအကုန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း (၁၀၀%) ပြည်မီလွှမ်းခြုံထိုးနှံနိုင်ရေးအတွက် ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့မဆေးထိုးစုရပ်ရှိ ကံသာထွက်ဝရပ်ကွက်သို့ အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Covaxin ထိုးနှံပေးလျက် ရှိသည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်းကြီး ဒေါက်တာသန်းထွန်း ဦးဆောင်ကာ ကျန်မာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအကျိုးဆောင်လူငယ်များ ပူးပေါင်းကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Covaxin အား (ပထမ) အကြိမ် အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း