လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

လှည်းကူး   ဧပြီ   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေပြီး တစ်ကြိမ်တစ်ခါမျှမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအား စာရင်းရေးသွင်းခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးပေါင်ချိန်နှင့် အပူချိန်တိုင်းပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)