သတင်းများ

မြောက်ဦးမြို့၌ သင်္ကြန်အကြိုနေ့ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားပုထိုး၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရားရေသပ္ပါယ်ပူဇော်
Apr 13,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ နှစ်သစ်ကူးအတာသင်္ကြန်အကြိုနေ့တွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ရခိုင့်ရှေးဟောင်းသမိုင်းဝင်ဘုရား ပုထိုး၊ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဘုရားရေသပ္ပါယ်ပူဇော်ခြင်းအား ယနေ့ညနေ ၃ နာရီအချိန်က မြို့တွင်းသို့လှည့်လည်ပြီး ရေသပ္ပါယ်ပူဇော်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလတွင် ဂွမြို့ကမ်းခြေနှင့် ကမ်းသာယာကမ်းခြေတို့တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစား အနားယူအပန်းဖြေ
Apr 13,2022
နှစ်သစ်ကူးရုံး ပိတ်ရက်ကာလဖြစ်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ဂွမြို့ကမ်းခြေနှင့် ကမ်းသာယာကမ်းခြေတို့တွင် ပုံမှန်အားဖြင့် အပန်းဖြေကြသူများရှိသော်လည်း ယခုနှစ်သစ်ကူး ရုံးပိတ်ရက်များတွင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ခရီးသွားပြည်သူများ၊ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေ များသည် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်ရေကစား အပန်းဖြေလျက်ရှိသည်ကို တွေ့ရသည်။
သာကေတမြို့နယ် မြကန်သာဖျော်ဖြေရေးမဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစား
Apr 13,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်း သည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၌ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြကန်သာ‌ဖျော်ဖြေရေး မဏ္ဍပ်အား စီစဉ်ဆောင်ရွက်ထားရှိကာ မဟာသင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ နံနက်(၈)နာရီမှ စတင်ကာ နေ့လယ်(၁၁)နာရီအထိ မြကန်သာဖျော်ဖြေရေး မဏ္ဍပ်၌ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားရှိကာ ပြည်သူများမှ ပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 13,2022
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ရာ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရွှေသောင်ယံမြို့ကမ်းခြေတွင် သင်္ကြန်အကြိုနေ့ လာရောက်အပန်းဖြေသူများ စိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန် တာဝန်ရှိသူများမှဆောင်ရွက်
Apr 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေနှင့် ရွှေသောင်ယံအပိုင် ကျောက်မောင်နှမ ကမ်းခြေတို့၌ ယခုသင်္ကြန်အကြိုနေ့၌ လာရောက်အပန်းဖြေကြသော ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လိုက်လံစစ်ဆေး ဆောင်ရွက် လျက်ရှိသည်။
သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်လှစ်
Apr 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်၊ ဉီးဘဟန်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ ရေကစားမဏ္ဏပ်၌ ကျင်းပသည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် စတင်ဖွင့်လှစ်
Apr 13,2022
၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယခုလာမည့် နှစ်သစ်တွင် ခွန်အားသစ်များဖြင့် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
မဟာဗန္ဓုလလမ်းပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန် ကျင်းပ
Apr 13,2022
၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန်ကျင်းပရာ သင်္ကြန်ချစ် ပြည်သူများလာရောက်ရေကစားကြသည်။