လားရှိုးမြို့တွင် မြို့သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လားရှိုး ဧပြီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယနေ့နံနက်(၈)နာရီအချိန်က မြို့တော်ခန်းမတွင် စုရပ်စတင်ကာ မြို့အဝင်မုဒ်ဦးမှ ပြည်ထောင် စုလမ်းမကြီးတစ်လျှောက်၊ မြို့တော်ခန်းမမှ ဘူတာလမ်းတစ်လျှောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ စက်ယန္တရားကြီးများဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု စစ်ဆေးရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်က လုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများအင်အား(၁၅၀၀)ခန့်၊ အထောက်အကူပြု စက်ယန္တယားကြီးများဖြင့် လမ်းမကြီးပေါ်ရှိ အညစ်အကြေးများဆေးကြောခြင်း၊ ပန်းခုံများအား သန့်ရှင်းဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲယာ ပေါင်းမြက်များရှင်းလင်းခြင်း၊ အမှိုက်ကောက် ခြင်း၊  ရေစီးရေလာကောင်းမွန်စေရေး ရေနှုတ်မြောင်းများတူးဖော်ခြင်း စသည့်လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်၊၊

ယင်းနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မြို့သန့်ရှင်းသာယာ လှပရေးဆောင်ရွက်နေသူများကို အချိုရည်များ၊ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး