သတင်းများ

စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား(၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Apr 17,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာနတွင်    မြန်မာနှစ်ဆန်း   (၁)  ရက် နေ့ ၊  ယနေ့နံနက် (၉)နာရီခွဲ အချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ်၊ ၃၀/၂၀၂၂ ဖြင့် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်များကိုကျခံပြီးဖြစ်သည့် အပြင် စည်းကမ်းကောင်းမွန်စွာနေထိုင် ကြသော ဘယ်လင်းအကျဉ်းဦးစီးဌာန၊  ကုန်ထုတ်စခန်းအမှတ်( ၁ နှင့်၂ )မှ  အကျဉ်းသား (၅)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကျင်းပ
Apr 17,2022
စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြငဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သာသနာ့ဗိမာန်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့်ပေး
Apr 17,2022
မြန်မာနှစ်ဆန်း(၁)ရက်နေ့ မြန်မာ့နှစ်သစ်ကူးအခါသမရတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေထားသောအားဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/ သူ(၁၅)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်းသိရသည်။
ဝေါမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အထိမ်းအမှတ် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Apr 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၏ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် အတာသင်္ကြန်ယိမ်းအက ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ဧပြီ ၁၆ ရက်(သင်္ကြန်အကျ နေ့) ညနေ ၄ နာရီက ရန်ကုန်-မော်လမြိုင်လမ်းမကြီးဘေး၊  မြို့မခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ
Apr 17,2022
၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယနေ့နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။
အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားများကို သက်ကြီးပူဇော်ပွဲကျင်းပ
Apr 17,2022
မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မန္တလေးခရိုင် (၇) မြို့နယ်အတွင်းရှိ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားများကို ကန်တော့သည့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
ပေါက်တောမြို့နယ်ရှိ မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဘုန်းတော်ကြီးကျောင်းတက် ကုသိုလ်ယူသူများဖြင့်စည်ကား
Apr 17,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုန်းတော်ကြီးကျောက်းတက် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ပြည်မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ
Apr 17,2022
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ၂၀၂၂ခုနှစ် ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ကမ်းနားလမ်း ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။