ဝေါ ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၏ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် အတာသင်္ကြန်ယိမ်းအက ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ဧပြီ ၁၆ ရက်(သင်္ကြန်အကျ နေ့) ညနေ ၄ နာရီက ရန်ကုန်-မော်လမြိုင်လမ်းမကြီးဘေး၊ မြို့မခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က အမှာစကားပြောကြားပြီး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတာသင်္ကြန်ယိမ်းအကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သီမ့်ဆုရရှိကြသည့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ငွေသားဆုနှင့် ဆုတံဆိပ်များကို အသီးသီး ချီးမြှင့်ပးအပ်သည်။
အဆိုပါ သင်္ကြန်ယိမ်းယှဉ်ပြိုင်မှုများအား အကဲဖြတ်ဒိုင်များက သင်္ကြန်နှင့်ဆီလျော်သော ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှု၊ ပြိုင်ပွဲစည်းကမ်းလိုက်နာမှု၊ သီချင်းသံစဉ်နှင့် ကကွက်ညီညာမှု၊ သရုပ်ဖော်တင်ဆက်ရာတွင် ကိုက်ညီမှု၊ စည်းဝါးနှင့် ညီညွတ်သော ကကွက်ပုံဖော်ဆန်းသစ်မှုစသည့် အချက်တို့ ကို ကြည့်ရှုကာ အကဲဖြတ်အမှတ်ပေးခဲ့ပြီး၊ ပြိုင်ပွဲကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့)အထိကျင်းပရာ ဌာနဆိုင်များနှင့် ရပ်ကွက်များမှ ယိမ်းအဖွဲ့(၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စိုးမိုးအောင်