စဉ့်ကူးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကျင်းပ

စဉ့်ကူး ဧပြီ ၁၇

စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြငဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် သာသနာ့ဗိမာန်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်က သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စဉ့်ကူးမြို့ပေါ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုးအဖွား (၅၄)ဦးတို့အား တစ်ဦးလျှင် လှူဒါန်းငွေ သုံးသောင်းကျပ်နှင့် ဆေးဝါးတို့အား ပူဇော်ကန်တော့ခဲ့ကြသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေတွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။

စဉ့်ကူးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်