ပေါက်တော ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘုန်းတော်ကြီးကျောက်းတက် ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပေါက်တောမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် မြို့နယ် အတွင်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်အရှင်သူမြတ်များအားဆွမ်းလောင်း၊ ဆွမ်းကပ်ကုသိုလ်ပြုခြင်း၊ ပြည်သူများအနေဖြင့် ဘုရားကျောင်းကန်ဇရပ်များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘဝနာအားထုတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းစသော အလှူဒါန ကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)