သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်များအလိုက် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရပ်ကွက်များရှိ သက်ဆိုင်ရာလမ်းများတွင် ယမန်နေ့ညနေ ၃ နာရီ အချိန်မှစ၍ မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရဟန်းသံဃာတော်များက ရွတ်ဖတ် သရဇ္ဇယ်တော်မူကြပြီး ကုသိုလ်ယူတရားနာ လာရောက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် နှစ်ဦးဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော်နာယူပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ အခမ်းအနားကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် သံဃာတော် အရှင်သူမြတ်များအား နှစ်ဦးဆွမ်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော် နာယူပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တောင်ငူ၌ အဘိုးအဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့ငွေများနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း
Apr 18,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကေတုမတီဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား မဟာသင်္ကြန် ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​ကေတုမတီ ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမတွင် ကျင်းပသည်။
တွံတေးတူးမြောင်းအတွင်းသို့ ဇီဝိတဒါန ငါးလွှတ်ပွဲ ပြုလုပ်
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် နှစ်သစ်အခါသမယ ယနေ့သည် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်နှင့်အညီ တွံတေး တူးမြောင်းအတွင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တွံတေးတူးမြောင်း အတွင်းသို့ ငါးလွှတ်ပွဲကို ယမန်နေ့နံနက် ၇နာရီ မိနစ် ၃၀က ဧရာဝတီ သင်္ဘောဆိပ်၊ ဆိပ်ခံဗောတံတား၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ သက်ကြီးပူဇော် ကန်တော့ပွဲ ကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ စီမံကိန်း(၂)ရှိ ဝေနေယျသုခဓမ္မာရုံတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အစဉ်အလာတစ်ခုဖြစ်သော အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးပူဇော်ပွဲ ကျင်းပ
Apr 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ထန်းတပင်မြို့ သီရိမင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ
Apr 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသော ၁၃၈၄ ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ တွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်က ပင်လုံလမ်းရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအိုခရိုင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ် ဖတ်ပူဇော်ခြင်း၊ တရားနာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Apr 17,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ဧပြီ(၁၇)ရက် နံနက်(၈)နာရီတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူ ကြည်ညိုခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို သတ်မှတ်နေရာ အသီးသီး၌ ကျင်းပခဲ့သည်။