ကျိုက်လတ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကျင်းပ

ကျိုက်လတ် ဧပြီ ၁၇

၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယနေ့နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပူဇော်ခံကြွရောက်လာကြသည့် သက်ကြီးအဘိုးအဘွား (၃၀)ဦး အား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား အခမ်းအနား တက်ရောက်လာသူများမှ လှူဒါန်းခဲ့ကြသည်။ ဘိုးဘွားများကိုယ်စား ဘိုးဘွားတစ်ဦးစီမှလည်း ကျေးဇူးတင်စကားပြောကြား၍ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သပေးခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်