သတင်းများ

ကျောက်ဆည်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့်ထပ်ဆောင်းကာကွယ်ဆေး (၂၉၃၄၅၈)ဦး ထိုးနှံပြီးဖြစ်
Apr 19,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့ စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင်  အသက်(၁၈)နှစ်အထက် ပြည်သူမျးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကာကွယ်ဆေးထိုးပြီးသူ (၂၉၃၄၅၈)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ပေါက်ခေါင်းမြို့၌ နွေရာသီအေရိုးဗစ် အားကစားသင်တန်းဖွင့်လှစ်
Apr 19,2022
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစေရန်နှင့် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအေရိုးဗစ် အားကစားသင်တန်းကို ယနေ့နံနက် ၉ နာရီက အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌  ရောဂါကာကွယ်‌ ဆေးထိုးနှံပေး
Apr 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့နံနက်(၁၀) နာရီအချိန်က  (Sinovac)အမျိုးအစား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ အသက်၁၅ နှစ်မှ ၁၈နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေး
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန (ဒလ) Community Centre ၌ ရှေးဦးသူနာပြု အခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Apr 19,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးသူနာပြု အခြေခံသင်တန်းဆင်းပွဲကို ယနေ့ညနေ ၄နာရီတွင် ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီပန်းချီသင်တန်း ဖွင့်လှစ်
Apr 19,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားလေးများ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိင်ရန် ပန်းချီပညာရပ် အခြေခံသဘော တရားများအား နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ နွေရာသီပန်းချီသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန ကော့မှူးတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
Apr 19,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်း၍‌ ရှေးဦးပြုစုခြင်း အ‌ခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့သစ်ရပ်ကွက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် နေ့စဉ်ထိုးနှံပေး
Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် ထိုးနှံရေးအတွက် အသက် (၁၈) နှစ်နှင့်အထက် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။