သတင်းများ

ညောင်တုန်းမြို့နယ်၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာအုပ်စု၊ သူကြီးစုကျေးရွာတွင် ယမန်နေ့ မွန်းလွှဲ ၂နာရီ ၅၀မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာရေးဆရာ အောင်သင်း၏ “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။
ဖီးကြမ်းငှက်ပျော စိုက်ပျိုးလုပ်ကိုင်သူများ တွက်ချေကိုက်၍ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာ
Apr 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလာကြကြောင်း ဒေသခံ ငှက်ပျောစိက် တောင်သူများထံမှ သိရသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက စတင်၍ ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်၊ ရွှေဂူကြီးမင်းကျောင်းတိုက်၊ ရွှေကျောင်းတိုက် စသည့် ဆေးထိုးစုရပ် (၃)နေရာတွင် ဆောင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောက်ရွက်
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ညောင်ပင်ကွင်း ကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် နိုင်(၄) မှတ်တမ်းများအား Software Program အသုံးပြု၍ လူဦးရေ စာရင်းစိစစ်ရေးသွင်း
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊မြို့နယ်ဦးစီးမှူး ဦးဇော်လွင်မှ ဦးဆောင်၍ နိုင်ငံသား ကိုယ်ရေးမှတ်တမ်းအချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့ပေါ် ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူပြည်သူများအား ဆက်လက်ထိုးနှံပေး
Apr 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(ဆေးရုံဟောင်း)၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး (Covaxin)ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။