ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီပန်းချီသင်တန်း ဖွင့်လှစ်

ကျောက်တန်း ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားလေးများ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိင်ရန် ပန်းချီပညာရပ် အခြေခံသဘော တရားများအား နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ နွေရာသီပန်းချီသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။ 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချို ကသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်း နည်းပြ ဆရာမ ဒေါ်လှိုင်ရည်ဝင်းက ကျောင်းသား၊ ကျောင်းသူများအား ပန်းချီအခြေခံ ပညာရပ်များ သင်ကြား ပြသပေးခဲ့သည်။ အဆိုပါသင်တန်းကို ဧပြီလ ၁၉ရက်နှင့် ၂၀ရက်(၂)ရက် သင်ကြား ပြသ ပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၄)ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့် သင်ယူလျက်ရှိကြောင်း သိရသည်။  

အိသန္တာချို