ကျောက်ဆည်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့်ထပ်ဆောင်းကာကွယ်ဆေး (၂၉၃၄၅၈)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည် ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့ စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင်  အသက်(၁၈)နှစ်အထက် ပြည်သူမျးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကာကွယ်ဆေးထိုးပြီးသူ (၂၉၃၄၅၈)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက်ပြည်သူအားလုံး ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၁၆၅၂၄)ဦးနှင့် အသက်(၁၈)နှစ်အထက်ပြည်သူ ပထမအသုတ်တွင်(၁၉၁၇၉)ဦး၊ ဒုတိယအသုတ်တွင်(၂၈၇၄၄)ဦး၊ တတိယအသုတ်တွင်(၅၂၃၇၅)ဦး၊ စတုတ္ထအသုတ်တွင်(၂၇၈၃၂)ဦး၊ ပဉ္စမအသုတ်တွင်(၃၄၂၁၆)ဦး၊ ဆဋ္ဌမအသုတ်တွင် (၁၁၅၅၆)ဦး၊ သတ္တမအသုတ်တွင်(၁၆၅၄၀)ဦး၊ အဌမအသုတ်တွင်(၆၅၅၄)ဦး၊ နဝမအသုတ်တွင်(၆၆၂၀၈)ဦး၊ ဒဿမအသုတ်တွင်(၈၃၆၈)ဦးနှင့် ထပ် ဆောင်း ကာကွယ်ဆေးထိုးပြီးသူ(၅၃၅၂)ဦး စုစုပေါင်း (၂၉၃၄၅၈)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် စုကြီးထန်း တောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေး ဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)