သတင်းများ

အိမ်မဲမြို့နယ်တွင် အသိပညာဗဟုသုတ ဉာဏ်ပညာတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Apr 19,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ် လူရွယ် ကျောင်းသား ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၊ ကွင်း‌ကောက် (မြောက်)ကျေးရွာ၌ ဆီပီပါလှယ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၊ ကွင်း‌ကောက် (မြောက်) ကျေးရွာအုပ်စု၊ ကွင်း‌ကောက်(မြောက်)ကျေးရွာ၊‌ အောင်မင်္ဂလာလမ်းရှိ ဆီဆိုင်တွင် ယမန်နေ့ နေ့လည်၁နာရီ ၅၅ မိနစ်အချိန်ခန့်က‌ ဆီပီပါလှယ်ရာမှ ပီပါ၂ခု နှုတ်ခမ်းပွတ်တိုက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Apr 19,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ရှင်သာမ ဏေများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)မှ စတင်ဆောင်ရွက်လျှက်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး ဆက်လက်ထိုးနှံပေး
Apr 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင် သင်တန်းဖွင့်လှစ်
Apr 19,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူး‌ပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များအား ဉာဏ်ရည် မြင့်မားရေးအတွက် စစ်တုရင်သင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Apr 19,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဒုတိယနေ့ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးသူများ စျေးကောင်းရရှိ
Apr 19,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န-လက္ခပ္ပင်ကျေးရွာရှိ တောင်သူများသည် ဖူးစား ပြောင်း စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ စျေးကောင်းရရှိ ကြောင်း သိရသည်။
ကန့်ဘလူမြို့ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ဆောင်ရွက်
Apr 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်း သန့်ရှင်းသာယာ လှပရေးအတွက် နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။