ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ကုလားပဲစိုက်တောင်သူများအထွက်နှုန်းကောင်းပြီး ဈေးကောင်းရဖြင့် အဆင်ပြေ
Apr 19,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းကုလားပဲသီးနှံ စိုက်ဧက (၃၁၁၁၈)ဧက စိုက်ပျိုးခဲ့ကြောင်းသိရှိရပြီး ဒွေးလှကျေးရွာမှ ကုလားပဲစိုက်တောင်သူများ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိသဖြင့်အဆင်ပြေလျက်ရှိကြောင်းနှင့် ကုလားပဲသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃)ကုလားပဲများ အဓိက ထား စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ်ဟူ၍ အမျိုးမျိုး စိုက်ပျိုးကြကြောင်းသိရှိရကာ ကုလားပဲ(၁)ဧကစိုက်ပျိုးပါက ထယ်ရေးပြင်ခ ငွေကျပ်(၅)သောင်း ငါးထောင်၊ စိုက်ပျိုးခ(၁)သောင်းငါးထောင်ကျပ်၊ မျိုးစေ့ဖိုး(၄)သောင်း ငါးထောင်ကျပ်၊ ရိတ်သိမ်း/ သယ်ယူ/ ခြွေလှေ့ခ (၃)သောင်းရှစ်ထောင်ခုနှစ်ရာကျပ် ကုန်ကျကြောင်း တောင်သူ ကိုယဉ်မင်းထွန်းက ပြောပြသည်။