နတ်တလင်းမြို့နယ်၌ အသက်၁၅ နှစ်မှ ၁၈နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေး

နတ်တလင်း ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးစီးဆောင်ရွက်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ပြည်သူစုစုပေါင်း ၁၀၂၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရပ်ကွက်၊ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဝေယံဖြိုး