မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌  ရောဂါကာကွယ်‌ ဆေးထိုးနှံပေး

မိုင်းငေါ့ ဧပြီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့နံနက်(၁၀) နာရီအချိန်က  (Sinovac)အမျိုးအစား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၈)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၆)ဦးတို့အား မိုင်းငေါ့မြို့ ဈေးရပ်ကွက် ဘုန်းတော်ကြီး ကျောင်းရှိ အတုလဇေယျာဆောင်ဓမ္မာရုံတွင်  တိုက်နယ်ကျန်းမာရေးဌာနမှ  ဆရာမ ဒေါ်ခင်မျိုးဦးနှင့် အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြပါသည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)