သတင်းများ

သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၂၅၀)ဧကစိုက်ပျိုးထားရှိပြီး ဈေးကောင်းရရန်မျှော်လင့်
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၂၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရန်မျှော်လင့်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့နယ်၌ ၁၀၀ ရာခိုင်နှုန်းပြည့်မီရေး အိမ်တိုင်ရာရောက် ကျေးရွာအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့်မီရေး အိမ်တိုင်ရာရောက် ကျေးရွာအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 19,2022
မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။              
ပဲခူးမြို့နယ်တွင် စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်
Apr 19,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရရှိရန် မျှော်လင့်
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အပူရှိန်ပြင်းသဖြင့် ယခင်နှစ်များထက် ရေပိုသွင်းရခြင်း၊ ထွန်ယက်ခြင်းနှင့် ပိုးသတ်ဆေးများ ပက်ဖျန်းပေးရပြီး ကုန်ကျ စရိတ်များသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း မာလကာကုန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင် ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြု စုနည်းသင်တန်းဖွင့်လှစ်ပို့ချ
Apr 19,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Apr 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  ဒေသနေပြည်သူများ စာပေများ ဖတ်ရှုသည့် အလေ့ အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသောစာဖတ်ခြင်း၏  အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်    ရည်ရွယ်၍   ယနေ့နံနက် (၉) နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် စာရေးဆရာ‌ ပါမောက္ခဒေါက်တာအောင်ထွန်းသက် 
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Apr 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား COVID SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံ၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။