ကျောက်ကြီးမြို့နယ် ဝါးခမောက်များ ရောင်းအားကောင်းနေ

ကျောက်ကြီး၊ ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ အိမ်တွင်း လက်မှုလုပ်ငန်းဖြစ်သော ဝါးခမောက်များ ဈေးကောင်း ရရှိ၍ ရောင်းအားကောင်းနေပြီး ဝါးခမောက်ပြုလုပ်ရာ၌ အဓိကအသုံးပြုရသော ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီဖြစ်၍ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ ရှင်သီဝလိခြေတော်ရာသို့ ဘုရားဖူးလာ ရောက်ကြသော ဘုရားဖူး ပြည်သူများမှ အလှဆောင်း ဝါခမောက်များ ဝယ်ယူကြခြင်း၊ အနီးပတ်ဝန်း ကျင်ရှိမြို့နယ်များသို့ တင်ပို့ရောင်းချကြသဖြင့် ဒေသ အတွင်း  ဝယ်လိုအား ကောင်းလာသောကြောင့် ခမောက်ချုပ်သူများအဆင်ပြေကြောင်းသိရသည်။

အဆိုပါ ဝါးခမောက်ချုပ်လုပ်သား တစ်ဦးလျှင် တစ်ရက်ပုံမှန်ဝင်ငွေ ငွေကျပ် ၆ဝဝဝ ခန့်ရရှိပြီး ယခုကဲ့သို့ အလှဆောင်း ဝါးခမောက် များ ရောင်းအားကောင်းသော ကာလများတွင် ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေမှုရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်