လေပြင်းတိုက် ခိုက်မှုကြောင့် သစ်ပင်အချို့နှင့် လမ်းမီးဓာတ်တိုင်များ လဲကျပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွား

ချမ်းမြသာစည်  ဧပြီ ၁၉

ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန် လေပြင်းတိုက် ခတ်မှုကြောင့် သံလျက်မော် တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်း၊ ဘဲလေး ကျွန်းမြောက် ဘက်ရှိ ဗို့အား ၁၀၀၀ ဓါတ်အား အရှည် ၉ မီတာရှိ ဓါတ်မီးတိုင်(၁)တိုင်၊ အလားတူ မြို့သစ် (၁) ရပ်ကွက်၊ ၇၃လမ်း၊ သိပ္ပံလမ်းနှင့် ၁၀၂ လမ်းကြားယူကလစ်ပင်(၅) ပင်၊ အရှည် ၉ မီတာရှိ သံ‌ပေါင် လျှပ်စစ်ဓါတ်မီးတိုင် (၁)တိုင်၊ အောင်သာယာ ရပ်ကွက်၊ ၄၄ လမ်း၊ မြို့ပတ်လမ်းနှင့် ၁၁၆ လမ်းကြားရှိ ယူကလစ်ပင် ၁ ပင်၊ အရှည် ၅ မီတာရှိ ကွန်က ရစ် လျှပ်စစ်ဓာတ်တိုင် ၃ တိုင်၊ သံ‌ပေါင်လျှပ်စစ် ဓါတ်မီးတိုင် (၃)တိုင် လဲကျပြီးလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါလမ်းပိတ်ဆို့မှုများအား မြို့နယ်လျှပ်စစ်  တာ၀န်ရှိသူများ၊ သက်ဆိုင်ရာနယ်မြေ အလိုက်လုံခြုံ‌ ရေးတပ်ဖွဲ့၀င်များ၊မီးသတ်တပ်ဖွဲ့၀င်များ၊ အရံမီးသတ်တပ်ဖွဲ့၀င်များက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း (၁၈)သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်းနှင့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ခင်စိမ်း၀င်း