လောင်းလုံးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

လောင်းလုံး  ဧပြီ  ၁၉

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွား၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာကြစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်စာ ဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက်  ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦး စီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်မေဇင်ဦးက "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲဆက်လက်ကျင်း ပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏စာဖတ်စွမ်းရည်များ ယှဉ်ပြိုင်ကြပြီး ဖတ်ရှုသည့်အကြောင်းအရာများအပေါ် အတွေးအမြင်၊ အယူအဆများဖလှယ်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကိုစိတ် ပါဝင်စားစွာဖတ်ရှုလေ့လာ၊ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မေဇင်(လောင်းလုံး)