မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် စွန့်လွှတ်မြေ ပြန်လည်ပေးအပ်ပွဲကျင်းပ

မုံရွာ ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စွန့်လွှတ်မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ဦးသန်းဇော်ထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းခိုင်၊ မုံရွာမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မူလပိုင်ရှင် ဦးလူခင်တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက သိမ်းဆည်းခဲ့သည့် မြေနေရာအား မူလပိုင်ရှင်သို့ မြေပြန်လည် ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားပြီး မူလပိုင်ရှင် ဦးလူခင်၏ မုံရွာမြို့ ဒေါနခြံရပ်ကွက်၊ ကွင်းအမှတ်နှင့် အမည် (၂၄-ထန်းတောစု (မ)ကွင်း)၊ ဦးပိုင်အမှတ်(၂)ရှိ မြေဧရိယာ (၀.၁၂၆)ဧကရှိ ခ.မ.ရ(၁၆)မှ သိမ်းဆည်းခဲ့သည့် မြေနေရာအား လုပ်ထုံးလုပ်နည်းအညီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)