တံတားဦးမြို့နယ်တွင်  ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး၊မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

တံတားဦး ဧပြီ ၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ၊ မပြီး စစ်ဆေးခြင်းနှင့် မထိုးနှံသေးပါက တစ်ခါတည်း ထိုးနှံပေးခြင်းများအား  တံတားဦးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းဘေး ဒုဌဝတီတံတား အနီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီး ၊ မပြီးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ခရီးသွဦးပြည်သူများ ၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု လက်မှတ်စစ်ဆေးခြင်း၊ မထိုးနှံရသေးပါက ချက်ချင်းထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူများထိုးပြီး ခြောက်လကျော်ပါက ထပ်ဆောင်းထိုးနှံပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တံတားဦးမြို့နယ်အတွင်း ထိုးနှံနိုင်ရေးနှင့် ခရီး သွားပြည်သူများ ကာကွယ်ဆေးထိုးနှံပြီး ၊ မပြီးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေးတတိယအကြိမ် သတ်မှတ်ကာလအတွင်း  ထပ်ဆေးထိုးနှံပြီး၊မပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးရဲတင့်