ပန်းတနော်မြို့၌ (Grade-5) သင်ရိုးသစ် ဗဟိုအဆင့် (TOT) နည်းပြ Zoom Training သင်တန်း သင်ကြားပို့ချ

ပန်းတနော် ​ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် ဗဟိုအဆင့် (TOT) နည်းပြ Zoom Training သင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ပန်းတနော် မြတ်ပညာခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပန်းတနော်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးဝင်းနိုင်ဆွေက သင်တန်းဆိုင်ရာ အကြောင်းအရာများ၊ သင်တန်းတက်ရောက်ကြသည့် ဆရာ/မ များမှ ဗဟိုအဆင့် (TOT) နည်းပြ Zoom Training သင်တန်းတွင် စိတ်ဝင်တစားလေ့လာသင်ယူကြရန်နှင့် ​မြို့နယ်အတွင်းရှိ သက်ဆိုင်သည့် ဆရာ/မများအား နားလည်သဘောပေါက်စွာ ပြန်လည်သင်ကြား ပို့ချရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုမြို့နယ်ပညာရေးမှူး ဦးလင်းထင် (စီမံဘဏ္ဍာ)နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးသက်နိုင်အေး(ပညာ​)တို့မှ မိတ်ဆက်ခြင်းနှင့် လုပ်ငန်းဆောင်တာ များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် Grade-5 သင်ရိုးသစ် ဗဟိုအဆင့် (TOT) နည်းပြ Zoom Training သင်တန်းကို ဆရာ/မ သင်တန်းသား သင်တန်းသူ (၉၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ၂၀ ရက်မှ ၂၅ ရက်ထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)