ထီးချိုင့် ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ဧရာဝတီတံတားအဆင်း ကြက်သွန်ခင်း လမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီအချိန်က ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ထီးချိုင့်မြို့နယ် ဧရာဝတီတံတားအဆင်း ကြက်သွန်ခင်း လမ်းဆုံတွင် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိစစ်ဆေး၍ တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူများအား ကာကွယ်ဆေးထိုးရန်နှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများလည်း လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် အများပြည်သူများ သွားလာရာ ဧရာဝတီ တံတားအဆင်း ကြက်သွန်ခင်းလမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းက ပူးပေါင်း ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)