ချောက် ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ဌာနဆိုင်ရာများအား ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှ မတ်လအထိ)ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်မှုနှင့်ပတ်သက်၍ အဖွင့်မှာစကား ပြောကြားရာတွင် ချောက်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ကျပ်သန်း(၄၂၃၂၉၉.၃) အကောင် အထည်ဖော်ရန်နှင့် (၅.၇) ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်းပြောကြားပြီး၊ စီမံကိန်းတာဝန်များအား သက်ဆိုင်ရာဌာနအလိုက် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ၊ဆောက်လုပ်မှု ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများကို တာဝန်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရုံး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်စန်းစန်းလဲ့မှ ချောက်မြို့နယ်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအားကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများ၏ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအပေါ် ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး တင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)