မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ

မိုင်းငေါ့ ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံကိုလည်း တင်ပြပေးလိုက်ပါတယ်။

ကျွန်တော်နာမည်က ဦးသိန်းဖေဖြစ်ပါတယ်၊ မိုင်းငေါ့မြို့ အမှတ်(၃) တာလုံရပ်ကွက်မှာ နေထိုင်ပါတယ်၊ အသက်က(၆၂)နှစ်ပါ၊ အတူနေမိသားစု(၁၂)ဦးရှိပါတယ်၊ လူကြီးတွေအားလုံး (Sinopharm) ကာကွယ်ဆေးထိုးနှံပြီးပါပြီ၊ ကျွန်တော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ညောင်းညာကိုက်ခဲတာတွေ၊ ဖျားနာတာ‌တွေတော့ ဘာမှမဖြစ်ဘူး၊ ဒီဆေးထိုးပြီး ပိုဝလာသလိုခံစားရတယ်၊ ကိုဗစ်ရောဂါမဖြစ်အောင် ကိုယ်ကိုကိုယ်ဂရုစိုက်ကြပါ၊  အပြင်ထွက်တိုင်းလည်း နှာခေါင်းစည်းတပ်ပြီးမှ သွားကြလာ ကြပါ ၊လက်ကိုလည်း စနစ်တကျဆေးကြပါ၊ ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် ဆေးထိုးကြပါ၊ ကာကွယ်ဆေး မထိုးနှံရသေးသူများလည်း ကာကွယ်ဆေးကိုထိုးနှံကြပါလို့  ပြောကြားချင်ပါတယ်။

ယခုလို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိအောင် ကျန်းမာရေးဌာနမှ ဆရာမများက ကာကွယ်ဆေးလာရောက် ထိုးနှံပေးပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးကြသော တာဝန်ရှိလူကြီးမင်းများ အားလုံးနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

‌‌မြင့်သွယ်(ပြန်/ဆက်)