ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ရန် ချေးငွေများ ပြန်လည်ကောက်ခံ

ကျိုက်ထို ဧပြီ ၂၈

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျိုက်ထိုမြို့နယ်ဘဏ်ခွဲမှ  မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ကို ၂၀၂၂ ခုနှစ်မေလ (ပထမ) အပတ်မှစတင်ကာ ထုတ်ချေးပေးသွားမည် ဖြစ်သည့်အတွက် ၂၀၂၀ ခုနှစ် မိုးရာသီချေးငွေနှင့် ဆောင်းရာသီချေးငွေများကို ပြန်လည်ကောက်ခံလျက်ရှိကြောင်း သိရသည်။ ကိုဗစ် - ၁၉ ရောဂါကာလများ၌ ရပ်ကွက်ကျေးရွာ အုပ်စုများရှိတောင်သူများမှ ချေးယူထားသည့် ချေးငွေများသတ်မှတ်ကာလအတွင်း အချိန်မီပေးသွင်းနိုင်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကျိုက်ထိုမြို့နယ် ဘဏ်ခွဲမန်နေဂျာ ဦးသန်းထွန်းနှင့် လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့တွင် ပါဝင်သောဌာနများ၊ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ  စိုက်ပျိုးစရိတ် ချေးငွေများ၊ ရာခိုင်နှုန်းပြည့်မီအောင် ကောက်ခံလျက်ရှိကြပြီး စိုက်ဧက အမှန်စာရင်းကိုလည်း ကောက်ခံလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ကောက်ခံရာတွင် ပြန်လည်ပေးဆပ်ပြီးသော တောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင် (ကျိုက်ထို)