ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ဘားအံ ဧပြီ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်းBookClub အဖွဲ့ဝင်များဖြင့်စာရေးဆရာဆူးသစ် ရေးသားထားသော“ခွန်အားရှိသောစာ၊ ခွန်အားရှိသောလူငယ်” စာအုပ် ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။             

ရှေးဦးစွာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်း ပြောကြား ပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က ခွန်အားရှိသောစာ၊ ခွန်အားရှိ သောလူငယ် စာအုပ်တွင်ပါဝင်သည့် ဘာကြောင့်စာဖတ်သလဲ၊ ခွန်အားရှိသောစာ ခေါင်းစဉ်များ ဖြင့်လည်းကောင်း၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက မြန်မာရနံ့ မြန်မာအတွေး၊ လူဖြစ်လာပြီဘာလုပ်မလဲ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် ဦးစီး အရာရှိ ဒေါ်ခက်ခက်လွင်က သင်သေသော်၊ တိကျသောအချိန် ခေါင်းစဉ် များဖြင့် ဆွေးနွေးခဲ့ရာ  စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)