ပန်ဆောင်မြို့၌ ကန်ဇင်းသီးစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပန်ဆောင် ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့သည် တောင်ပေါ်ဒေသ ဖြစ်ပြီး တစ်ပိုင်တစ်နိုင် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ အသက် မွေဝမ်းကျောင်းလုပ်ငန်းအရ သီးနှံများစွာရှိသည့်အနက် နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကန်ဇင်းပင်များ ကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ကန်းဇင်းသီးများသည် နာဂဒေသအတွင်း ဟင်းခပ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပြီး ရပ်ဝေး ရပ်နီးမှ ပြည်သူများ နှစ်စဉ်ဝယ်ယူစားသုံးသူများပြားလာခြင်း၊ ဈေးကွက်များကျယ်ပြန့်ခြင်းကြောင့် နှစ်စဉ်ဈေးနှုန်းကောင်းများရရှိလာပြီး ခြံပိုင်ရှင်တောင်သူများအနေဖြင့် အပိုဝင်ငွေများ ရရှိလာမှု ကြောင့် ကန်ဇင်းသီးပင်များကို သဘာဝအတိုင်း ဖြစ်သလိုမထားရှိတော့ဘဲ မိမိဉယျာဉ်ခြံဝန်းအတွင်း ၌ စနစ်တကျစိုက်ပျိုးလာကြကြောင်း သိရသည်။

အဆိုပါ ကန်ဇင်းသီးကို ပန်ဆောင်ဒေသရှိ ကျေးရွာများတွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ယခုနှစ် တွင် ရာသီဉတုအခြေအနေအရ ကန်ဇင်းသီး အထွက်နည်းပြီး ယခုပေါ်စအချိန်တွင် (၁) ပိသာထုပ် တစ်ထုပ်ကို (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရကြောင်း သိရသည်။     

ဂျာယော်(ပန်ဆောင်)