နေပြည်တော် မေ ၃
၂၀၂၂ ခုနှစ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဏ္ဍပ်များဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ၂၀၂၂ ခုနှစ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ မဏ္ဍပ်များဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)