လွိုင်လင် မေ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အွန်လိုင်းမှတစ်ဆင့်အသိပညာပေးလုပ်ငန်းများကို တင်ဆက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို Community Centre ခန်းမတွင် ပြုလုပ်ပါသည်။
ထိုသို့ Talk Show ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး၊ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရည်ဝင်းတို့က မိုးဦးရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
လွိုင်လင်မိုး