(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီများနှင့် ဇရပ်တန်ဆောင်းများအားသန့်ရှင်းရေးပြုလုပ်

ကျောက်ပန်းတောင်း မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ယနေ့နံနက်(၈)နာရီက သာယာအေး ရပ်ကွက်ရှိ လေးရွာဘုန်းတော်ကြီးကျောင်း ဝန်းအတွင်း ဘုရားစေတီများအား ရေသပ္ပါယ်ခြင်းနှင့် ကျောင်းပရဝဏ်နှင့်ဇရပ်များအတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည်၊ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဘုရားစေတီများအား ရေ သပ္ပါယ်ခြင်း၊ ဇရပ်တန်ဆောင်းများနှင့် ကျောင်းဝန်းပရဝဏ်အတွင်း အမှိုက်များ လှဲကျင်းသန့်စင်ခြင်း အစရှိသည်တို့ကို ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်သည့်လုပ်ငန်းတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၊ ဒုတိယဦးစီးမှူး (စခန်းမှူး) ဦးမျိုးပိုင်သူထွေးတို့ ဦးဆောင်၍ လက်ထောက်ဦးစီးမှူးနှင့် သန္ဓေဝန်ထမ်း(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး စုစုပေါင်း(၄၀)ဦးပါဝင်ပြီး၊ ရေသည်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီး အသုံးပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)