ထားဝယ် မေ ၄
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အင်္ဂလိပ် Speaking Practice ကို ယမန်နေ့ နံနက်ပိုင်းတွင် လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ကျောင်းသား လူငယ်များအား လူငယ်မောင်မယ်များသည်အင်္ဂလိပ်စာကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သင်ယူနေကြကြောင်း၊ ကျောင်းသား/သူများ အဆင့်မြင့် ပညာရပ်များ သင်ယူနိုင်ရန် စသောလိုအပ်ချက်များကြောင့်အ င်္ဂလိပ်စာ သင်တန်းများ တက်ရောက်နေသည်ကို တွေ့ရှိရကြောင်း အင်္ဂလိပ်စာမှာ အဓိကကျသည့် 4 skills ဟုခေါ်သည့် စွမ်းရည် (၄) ရပ်ရှိပြီး (Listening skill) နားထောင်မှုစွမ်းရည်၊ (Speaking skill)အပြောစွမ်းရည်၊ Reading skill) အဖတ်စွမ်းရည်နှင့် (Writing skill) အရေးစွမ်းရည်ဖြစ်ကြောင်း၊ လူငယ်မောင်မယ်များ အနေဖြင့် အင်္ဂလိပ်စာများများ နားထောင်ရင် ပြောရဲလာမယ်၊ စာများများဖတ်ရင် ရေးတတ်လာမယ်လို့ မှတ်ထားနိုင်ကြောင်း အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင်ဖြင့် အင်္ဂလိပ်စာအုပ်များ ဖတ်ရမှာဖြစ်ပြီး အင်္ဂလိပ်စာအုပ်များဖတ်ရင်းဖြင့် အင်္ဂလိပ်ဝေါဟာရ များကြွယ်လာမည်ဖြစ်ကြောင်း၊ လူငယ်များပီပီ ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်စွာသင်ယူလေ့လာရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ကျောင်းသားလူငယ်တစ်ဦးချင်း အင်္ဂလိပ် Speaking Practice လေ့ကျင့်ပေးစေခဲ့ပြီးကျောင်းသား/သူအချင်းချင်း Face to Face ဖြင့် လေ့ကျင့် စေခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)