မိုင်းပန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

မိုင်းပန် မေ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် လောက်လန်းသေဆေး (Abate) အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့‌ဆေးရုံမှ ဒေါက်တာနိုင်လင်ထွန်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အသင်းဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများမှ ပူးပေါင်း၍ ဌာနဆိုင်ရာရုံးများ၊ လူနေအိမ်များသို့ အသီးသီးသွားရောက်ဝေပေးပြီး အဘိတ်ဆေး ခတ်ပေးခြင်းများနှင့် နေအိမ်အတွင်းတွင် ခြင်ကျားပေါက်ပွားရာနေရာမရှိစေရန် လိုအပ်သည့် ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများ‌ဆောင်ရွက်စေခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းပန် (ပြန်/ဆက်)